အခြား/သူများ/အတွက် ဆုတောင်းပေးခြင်း
2
သင်တို့/သည် လူသား/အားလုံး/အတွက် အသနားခံခြင်း၊ ဆုတောင်းပေးခြင်း၊ ကိုယ်စားပြု/တောင်းလျှောက်ပေးခြင်း၊ ဘုရားသခင်/၏ ကျေးဇူးတော်/ကို ချီးမွမ်းခြင်း/တို့ကို ဦးစားပေး/ဆောင်ရွက်/ရန် ကျွန်ုပ်/တိုက်တွန်း/နှိုးဆော်၏။
2 ကျွန်ုပ်တို့/သည် ဘုရားတရား/ကိုင်းရှိုင်းပြီး တည်ကြည်မှု/ရှိ/လျက် တည်ငြိမ်/အေးချမ်း/စွာ နေထိုင်/နိုင်ရန် ရှင်ဘုရင်များ/နှင့် အာဏာပိုင်များ အားလုံး/အတွက်/လည်း ဆုတောင်းပေးကြလော့။ 3 ထိုသို့ ဆုတောင်းခြင်း/သည် မွန်မြတ်ပြီး ကျွန်ုပ်တို့/၏ ကယ်တင်ရှင်/ဘုရားသခင် နှစ်သက်တော်မူ၏။ 4 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်/သည် လူသား/အားလုံး ကယ်တင်ခြင်း/ခံရပြီး သမ္မာတရား/ကို သိရှိ/နားလည်/စေလိုတော်မူ/သောကြောင့် ဖြစ်၏။ 5 ဘုရားသခင် တစ်ဆူတည်း ရှိတော်မူပြီး ဘုရားသခင်/နှင့် လူတို့/ကြားတွင် ကြားဝင်/စေ့စပ်သူ/လည်း တစ်ပါးတည်း ရှိတော်မူ၏။ ထို/အရှင်/သည် လူသား/ဖြစ်သော ယေရှု/ခရစ်တော်/ပင် ဖြစ်တော်မူ၏။ 6 ယေရှု/ခရစ်တော်/သည် လူသား/အားလုံး/ကို ရွေးနုတ်/ရန် အသက်/ပေးတော်မူခဲ့ပြီး ဘုရားသခင်/သည် ထို/အကြောင်း/ကို အချိန်တန်/သောအခါ ဖော်ပြခဲ့ပြီ ဖြစ်၏။ 7 ထို့ကြောင့် လူမျိုးခြားတို့/ကို ယုံကြည်ခြင်း/နှင့် သမ္မာတရား/အကြောင်း သင်ကြား/ရန် ကျွန်ုပ်/သည် တရားဟောဆရာ/အဖြစ်/လည်းကောင်း၊ တမန်တော်/အဖြစ်/လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်/သည် မလိမ်ညာဘဲ အမှန်/အတိုင်း/သာ ပြောဆိုခြင်း/ဖြစ်၏။
8 ကိုးကွယ်သည့်/နေရာ/တိုင်း/၌ အမျိုးသားတို့/သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်း/စွာ နေထိုင်/၍ မိမိတို့/၏ လက်/ကို မြှောက်/လျက် ဆုတောင်းကြ/ရန် ကျွန်ုပ်/အလိုရှိ၏။ 9 ထိုနည်းတူ အမျိုးသမီးတို့/သည်လည်း ကျစ်ဆံမြီး/မကျစ်ဘဲ၊ ရွှေ၊ ပုလဲ စသည့်/လက်ဝတ်/ရတနာ၊ သို့မဟုတ် တန်ဖိုးကြီး အဝတ်အစားတို့/ကို မဆင်မြန်းဘဲ ဣန္ဒြေ သိက္ခာ/ဖြင့် သင့်တင့်လျောက်ပတ်/စွာ ဝတ်ဆင်/ရန် ကျွန်ုပ်/အလိုရှိ၏။ 10 ဘုရားသခင်/ကို ဆည်းကပ်/ကိုးကွယ်သည်/ဟု ဝန်ခံ/ပြောဆိုသော အမျိုးသမီးများ ပြုမူသင့်သည့်/အတိုင်း ကောင်းမှုများ ပြုကြရမည်။ 11 အမျိုးသမီးများ/သည် အပြည့်အဝ/နာခံ/လျက် တိတ်ဆိတ်/စွာ သင်ယူ/သင့်၏။ 12 အမျိုးသမီးများ/သည် သွန်သင်ခြင်း၊ အမျိုးသားများ/အပေါ် အုပ်စိုးခြင်း/ပြုသည်/ကို ကျွန်ုပ်/ခွင့်မပြု။ သူတို့/သည် တိတ်ဆိတ်/စွာ နေသင့်၏။ 13 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်/သည် အာဒံ/ကို ဦးစွာ ဖန်ဆင်းတော်မူပြီး/မှ ဧဝ/ကို ဖန်ဆင်းတော်မူ/သောကြောင့် ဖြစ်၏။ 14 ထို့ပြင် အာဒံ/သည် လှည့်ဖြားခံရသူ မဟုတ်ဘဲ ဧဝ/သည်သာ လှည့်ဖြားခံရသူ/ဖြစ်ပြီး အပြစ်ကျူးလွန်ခဲ့/သောကြောင့် ဖြစ်၏။ 15 သို့သော်လည်း အမျိုးသမီးများ/သည် မိမိတို့/ဣန္ဒြေ/နှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်းတို့/ကို ဆက်လက်/ထိန်းသိမ်းမည်/ဆိုလျှင် သားဖွားရသော/အမှု/ဖြင့် ကယ်တင်ခြင်း/ခံရ/လိမ့်မည်။a